ချမ်းသာစိတ်


Home   |   Quote View   |   Card View

Visit the companion facebook page - https://www.facebook.com/minds.rip/.

Loading... Please wait..

Click on your desired block to jump right to that section.

ဘုရား ရှိခိုး ဆုတောင်း  နိဗ္ဗာန် ဆုတောင်း  ကံကြွေးများ အပြန်ပြန်အလှန်လှန် ​ ခွင့်လွှတ်ခြင်းဖြင့် ပယ်ဖြတ်ခြင်း ​  မုဒိတာ သာဓု ခေါ်ဆိုခြင်း​  ခင်ပွန်းကြီး ၁၆ ပါး ဝန်ချတောင်းပန်  ကရုဏာ မေတ္တာပို့  [နမူနာ]  အတ္တနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)  လောဘနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)  ဒေါသနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)  မောဟနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)  ကောင်းသောစိတ်များ  





ဘုရား ရှိခိုး ဆုတောင်း



- မြတ်စွာဘုရား သည် တပည့်တော်၏ ဦးခေါင်းထက်၌ စံပယ်တော်မူပါ စေသား။​ (ဦးခေါင်းထက် စံပယ်နေပြီဟု စိတ်၌ အာရုံပြုပါ)

- မြတ်စွာဘုရားသည် တပည့်တော်၏ နှလုံးအိမ် ၌ စံပယ်တော်မူပါ စေသား။​ (နှလုံးအိမ် စံပယ်နေပြီဟု စိတ်၌ အာရုံပြုပါ)

- ဤ ခန္နာကိုယ်အား မြတ်စွာဘုရား ရှင်၌ လှူဒါန်းပါသည်။ တရားတော်၌လည်း လှူဒါန်းပါသည်။ သံဃာတော်၌လည်း လှူဒါန်းပါသည်။​

- ဤ အစိုးမရ သော စိတ် အပေါင်းစုံ တို့ အား မြတ်စွာဘုရား ရှင်၌ လှူဒါန်းပါသည်။ တရားတော်၌လည်း လှူဒါန်းပါသည်။ သံဃာတော်၌လည်း လှူဒါန်းပါသည်။​

- ဤ အစိုးမရ သော ခံစားချက်အပေါင်းစုံ တို့ အား မြတ်စွာဘုရား ရှင်၌ လှူဒါန်းပါသည်။ တရားတော်၌လည်း လှူဒါန်းပါသည်။ သံဃာတော်၌လည်း လှူဒါန်းပါသည်။​

- မြတ်စွာဘုရား ရှင် သည် တပည့်တော်နှင့် လျော်ညီသော တရာတော်အား ပေးသနား ချီးမြင့်တော်မူပါ။​

- လေးအသင်ချေ နှင့် ကမ္ဘာတစ်သိန်း အချိန်ကာလ ၊ ဘဝပေါင်းများစွာ ၊ ခေတ်အဆက်ဆက် သူလို ငါလို ၊ စားဝတ်နေရေးရုံးကန် လှုပ်ရှား၍ လုံးလဝီရိယ ကြီးစွာ ပါရမီ ဖြေ့ကျင့်ခဲ့သော မြတ်စွာဘုရားရှင် အား အထူး ကျေးဇူးတင်ပါသည်။​

- နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်သည့် လမ်းစဉ်အထိ လက်တွေ့ ကျသော တရားတော်အားလည်း အထူး ကျေးဇူးတင်ပါသည်။​

- တရားတော်အား ပြန့်ပွါးအောင် စောင့်ရှောက်ပေးသော သံဃာတော်တို့အားလည်း အထူး ကျေးဇူးတင်ပါသည်။​

- မြတ်စွာဘုရား၏ သာသနာ နှင့် ကြုံကြိုက်ခွင့်ရသည့်အတွက် ကျေးဇူးတင်ပါသည်။​

- တရားဘာဝနာများ စီးပူးခွင့်ရသည့်အတွက် ကျေးဇူးတင်ပါသည်။​

- ဘဝရပ်တည်ရေးအတွက် ဇီဝဗေဒ ဖြစ်စင်ကို မရပ်မနား စက္ကန့်မလက် လုပ်ဆောင်ပေးသော ဤခန္တာကိုယ်ကြီးအား ကျေးဇူးတင်ပါသည်။​

- ဤလူ့ဘဝကို ရရှိရန် အထောက်အပံ့ပေးသော အတိတ်ဘဝက ကုသိုလ်ကောင်းမှုများကိုလည်း ကျေးဇူးတင်ပါသည်။

- စိတ်ကောင်း စေတနာ များ ပိုင်ဆိုင် ခွင့်ရသည့်အတွက် ​ ကျေးဇူးတင်ပါသည်။​

- သတ္တဝါများကို သနား ကျင်နာစိတ် ပိုင်ဆိုင်ခွင့်ရသည့် အတွက် ​ ကျေးဇူးတင်ပါသည်။​

- အစိုးမရ သော ဘဝအတွေ့အကြုံ၊ ​ လောကဓံတရား ၊ လူများ တို့ အပေါ်၌ တရား နှလုံးသွင်းခွင့် ရသည့်အတွက် ​ ကျေးဇူးတင်ပါသည်။​

- ငါ့၏ ဘဝ အစက်စက်မှစ၍ ယနေ့ ယခု အချိန်အထိ ပြု့ခဲ့သမျှ ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တို့သည် ယခု့ ဘဝ၌ပင် နိဗ္ဗာန်ချမ်းသာသို့ ဆိုက်ရောက်ရန် အကျိုးပြု့ပါစေးသား။​

- ယနေ့ ​ ပိုင်ဆိုင်ရရှိလာမည့် စက္ကန့်တိုင်း၌ အမှတ်သတိမြဲစွာဖြင့် နေနိုင်ပါစေ။

- ယနေ့ ​ ပိုင်ဆိုင်ရရှိလာမည့် စက္ကန့်တိုင်း၌ မေတ္တာ တရားနှလုံးသွင်း၍ နေထိုင်နိုင်ပါစေ။

- ဘဝစားဝတ်နေရေးအတွက် အကျိုးရှိသော အသိပညာ အတတ်ပညာများကို လွယ်ကူစွာ ​ လေ့လာနိုင်ပါစေ။ ​




နိဗ္ဗာန် ဆုတောင်း



- ငါ၏စိတ် အပေါင်းစုံ အား အစိုးမရ သည့်အတွက် ဆင်းရဲ ပါသည်။​

- ငါ၏ ခံစားချက်အပေါင်းစုံအား အစိုးမရ သည့်အတွက် ဆင်းရဲ ပါသည်။​

- ငါ၏စိတ် ပျော်ရွှင်မှု ဝမ်းသာမှု တို့သည် မမြဲသည့်အတွက် ဆင်းရဲပါသည်။​

- ငါ၏ မိသားစု ၊ ရုပ်ဝတ္ထု ပစ္စည်း၊ ငွေကြေး ပိုင်ဆိုင်မှု အားလုံး တို့သည် မမြဲသည့်အတွက် ဆင်းရဲပါသည်။​

- လူအားလုံးသည် မိမိ အလို အတိုင်း သည့်အတွက် မဖြစ်နိုင်သည့် ဆင်းရဲပါသည်။​

- လောက၏ နိယာမ အားလုံး သည် ငါ၏ အလို အတိုင်း သည့်အတွက် မဖြစ်နိုင်သည့် ဆင်းရဲပါသည်။​

- အဖြစ်အပျက်တွေ အားလုံး သည် ငါ၏ အလို အတိုင်း သည့်အတွက် မဖြစ်နိုင်သည့် ဆင်းရဲပါသည်။​

- ခံစားရလည်း ခတ္တ ခဏသာ ဖြစ်သော ပျော်ရွှင်မှု ချမ်းသာမှု အပေါင်းစုံ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သည် အချမ်းသာဆုံး ဖြစ်ပါပေတော့သည်။​

- ထိုပျော်ရွှင်မှု ချမ်းသာမှု တို့ အား ထက်တလဲလဲ ရှားမှီးရသော စိတ် အပေါင်းစုံ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သည် အချမ်းသာဆုံး ဖြစ်ပါပေတော့သည်။​

- ပူလောင်သော စိတ် အပေါင်းစုံ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သည် အချမ်းသာဆုံး ဖြစ်ပါပေတော့သည်။​

- ပူလောင်သော ခံစားချက်အပေါင်းစုံ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သည် အချမ်းသာဆုံး ဖြစ်ပါပေတော့သည်။​

- အစိုးမရ သော အလုံးစုံသော စိတ် အပေါင်းစုံ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သည် အချမ်းသာဆုံး ဖြစ်ပါပေတော့သည်။​

- အနာရောဂါတို့ ဖြင့် နိပ်စက်တတ်သော အလုံးစုံသော ရုပ်အပေါင်းစုံ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သည် အချမ်းသာဆုံး ဖြစ်ပါပေတော့သည်။​

- ချစ်သူ ခင်သူတို့နှင့် ကွဲကွာ ခွဲခွာ ရသော လောကဒဏ် တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သည် အချမ်းသာဆုံး ဖြစ်ပါပေတော့သည်။​

- ဤမှန်သောသစ္စာစကားတို့ကြောင့် ငါသည် ယခု့ ဘဝ၌ပင် ​ နိဗ္ဗာန်ချမ်းသာသို့ မြတ်မောက်ပြုရပါစေသား။​

- ဒီဘဝ ဒီမျှသာ ဖြစ်ပါစေ။ သံသရာမှ အမြစ်ပြတ် ကင်းလွတ်ပါစေ။​




ကံကြွေးများ အပြန်ပြန်အလှန်လှန် ​ ခွင့်လွှတ်ခြင်းဖြင့် ပယ်ဖြတ်ခြင်း ​



- သံသရာ ဘဝ ခရီးသည်များဖြစ်ကြသော အကျွန်ုပ်တို့ သတ္တဝါ အားလုံးတို့ သည် ​ ​ မသိအမိုက်မှောင်များ ဖုံးခဲ့၍ ​ တစ်ဦး နှင့် တစ်ဦး ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် အချင်းချင်း ပြစ်မှား ​ စော်ကားခဲ့ခြင်းများ ရှိခဲ့ကြသည်။ ​

- ကျွန်ုပ်သည် ထိုသံသရာ ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ ​ ပုဂ္ဂိုလ် သတ္တဝါ ​ တစ်စုံတစ်ဦး တစ်စုံတစ်ယောက်အသီးသီး အပေါ်၌ ​ ​ ကိုယ်ထိလက်ရောက်ဖြင့် သော်လည်းကောင်း ၊ နှုတ် ပါးစပ်ဖြင့် သော်လည်းကောင်း ၊ ​ စိတ်ဖြင့် သော်လည်းကောင်း ​

ပြစ်မှား စော်ကားခဲ့သည်များကို ဝန်ချတောင်းပန်ပါသည်။ ​ ဝန်ချတောင်းပန်ပါသည်။ ဝန်ချတောင်းပန်ပါသည်။ မသိ ​ အမိုက်မှောင်ဖုံးခဲ့၍ လုပ်မိခြင်းဖြစ်ပါသည်။ ​အမှတ်သတိ မကပ်မိ၍ လုပ်ခဲ့မိခြင်းဖြစ်ပါသည်။

ခွင့်လွှတ်ပေးပါ။ ခွင့်လွှတ်ပေးပါ။ ခွင့်လွှတ်ပေးပါ။

- ထို့နည်းတူ သံသရာ ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ ​ ပုဂ္ဂိုလ် ​ သတ္တဝါ ​ တစ်စုံတစ်ဦး တစ်စုံတစ်ယောက်တို့သည် မသိ ​ အမိုက်မှောင်ဖုံးခဲ့၍ အကျွန်ုပ်အား ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှား စော်ကားခဲ့သည်များကိုလည်း ကျွန်ုပ်သည် ​ ခြွင်းချက်မရှိ ​

သည်းခံ ခွင့်လွှတ်ပါတယ်။သည်းခံ ခွင့်လွှတ်ပါတယ်။သည်းခံ ခွင့်လွှတ်ပါတယ်။

- အပြစ်များသည် ​ ကျေအေးပါစေ။ ​ ရောက်လတ္တံသော ပြုသူ အသစ် ဖြစ်သူအဟောင်း ကံအသစ်တို့သည် ချုပ်ပျောက် ပါစေ။ ​ချုပ်ပျောက် ပါစေ။ ​ချုပ်ပျောက် ပါစေ။ ​

- ကျွန်ုပ်နှင့် အတူ ဆက်စပ်သမျှ ​ ပုဂ္ဂိုလ် ​ သတ္တဝါ အားလုံး နိဗ္ဗာန်ခရီးသို့ လျှောက်လှမ်းနိုင်ကြပါစေ။လျှောက်လှမ်းနိုင်ကြပါစေ။လျှောက်လှမ်းနိုင်ကြပါစေ။




မုဒိတာ သာဓု ခေါ်ဆိုခြင်း​



- ဂင်ဂါဝါလု သဲစုမျှမက ပွင့်တော်မူပြီးသော မြတ်စွာဘုရားရှင်တို့၏ ဖြည့်ကျင့်စီးပူးခဲ့သော ​ ကြီးစွာသော ပါရမီတော်ဆယ်ပါး၊ ​ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ သာဓု...သာဓု...သာဓု... ​ ​ ခေါ်ဆိုပါသည်။ ​

- ဂင်ဂါဝါလု သဲစုမျှမက ပွင့်တော်မူပြီးသော ပစ္စေကဗုဒ္ဓါအရှင် အရှင်မြတ်ကြီးတို့၏ ၊ ရဟန္တာ အရှင်မြတ်ကြီးတို့၏ ဖြည့်ကျင့်စီးပူးခဲ့သော ​

​ ကြီးစွာသော ပါရမီတော်ဆယ်ပါး၊ ​ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့ကို ​ တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ သာဓု...သာဓု...သာဓု... ​ ​ ခေါ်ဆိုပါသည်။ ​

- ယနေ့ ​ သူတော်စင် သူတော်ကောင်းတို့ ပြုလုပ်သော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့ကို အကျွန်ုပ်သည် ​ ဝမ်းမြောက်ဝမ်းသာစွာ ​ သာဓု...သာဓု...သာဓု... ​ ​ ခေါ်ဆိုပါသည်။ ​

- နတ်ပြည်ခြောက်ထပ်၌ ရှိသော နတ်သား၊ နတ်သမီး၊ နတ်မင်းကြီးများ၊သိကြားမင်း တို့ ပြုလုပ်ခဲ့သော ပြုလုပ်နေသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့ကို အကျွန်ုပ်သည် ​ ဝမ်းမြောက်ဝမ်းသာစွာ ​ သာဓု...သာဓု...သာဓု... ​ ​ ခေါ်ဆိုပါသည်။ ​

- ဗြဟ္မာပြည် နှစ်ဆယ်၌ ရှိသော ဗြဟ္မာများ ၊ ဗြဟ္မာမင်းကြီးများ ပြုလုပ်ခဲ့သော ပြုလုပ်နေသော ​ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့ကို အကျွန်ုပ်သည် ​ ဝမ်းမြောက်ဝမ်းသာစွာ ​ သာဓု...သာဓု...သာဓု... ​ ​ ခေါ်ဆိုပါသည်။




ခင်ပွန်းကြီး ၁၆ ပါး ဝန်ချတောင်းပန်



အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ ဂင်ဂါဝါလု သဲစုမျှမက ပွင့်တော်မူပြီးသော မြတ်စွာဘုရားရှင်တို့ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ဂင်ဂါဝါလု သဲစုမျှမက ပွင့်တော်မူပြီးသော မြတ်စွာဘုရားရှင်တို့ ပေးပို့သော မေတ္တာတော် ၊ ဂရုနာတော် ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခုအချိန် အထိ ပွင့်တော်မူမည့် အရိမေတ္တာယျ မြတ်စွာဘုရားရှင် အလောင်းအလျာအား ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

အရိမေတ္တာယျ မြတ်စွာဘုရားရှင် အလောင်းတော် ပေးပို့သော မေတ္တာတော် ၊ ဂရုနာတော် ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ သံသရာ မှ အမြစ်ပြတ် လွတ်မြောက်ရန် အထောက်အပံ့ဖြစ်သော မြတ်စွာဘုရားရှင်၏ တရားတော်ကို ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ ဆရာသံဃာတော် အသီးသီးမှ ပို့ချသော မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို ယုံမှားသံသရဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

တရားတော်သည် ကျွန်ုပ်၏ စိတ်နှလုံး၌ အစင်အမြဲ ကိန်းဝပ်ပါစေ။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့ ပေးပို့သော မေတ္တာတော် ၊ ဂရုနာတော် ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ အဂ္ဂသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

အဂ္ဂသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ ပေးပို့သော မေတ္တာတော် ၊ ဂရုနာတော် ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ ပေးပို့သော မေတ္တာတော် ၊ ဂရုနာတော် ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ရဟန္တာ အရှင်မြတ်ကြီးတို့ ပေးပို့သော မေတ္တာတော် ၊ ဂရုနာတော် ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ မြတ်စွာဘုရား သားတော် သံဃာတော်တို့အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

သံဃာတော်တို့ ပေးပို့ သော မေတ္တာတော် ၊ ဂရုနာတော် ကို တပည့်တော်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယခု့ ဘဝအထိ တော်စပ်ခဲ့သော မိခင်တို့ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကိုာ် ဝန်ချတောင်းပန် ကန်တော့ပါ၏။

ငါ၏ယခုဘဝ မိခင်သည် ကျန်းမာချမ်းသာစွာ အသက်ရှည်ပါစေ။ ဘဝ အဆက်ဆက်မှ တော်စပ်ခဲ့သော မိခင်တို့ သည် ရောက်လေရာ ဘဝ တို့၌ အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

(သို့) ကွယ်လွန်သွားသော ငါ၏ယခုဘဝ မိခင် နှင့်တကွ ဘဝ အဆက်ဆက်မှ တော်စပ်ခဲ့သော မိခင်တို့ သည် ရောက်လေရာ ဘဝ တို့၌ အေးချမ်းပါစေ။​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

အကျွန်ုပ်သည် ဘဝ အဆက်ဆက်မှ ယခု့ ဘဝအထိ တော်စပ်ခဲ့သောဖခင်တို့ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ငါ၏ယခုဘဝ ဖခင်သည် ကျန်းမာချမ်းသာစွာ အသက်ရှည်ပါစေ။ ဘဝ အဆက်ဆက်မှ တော်စပ်ခဲ့သော ဖခင်တို့ သည် ရောက်လေရာ ဘဝ တို့၌ အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

(သို့) ကွယ်လွန်သွားသော ငါ၏ယခုဘဝ ဖခင် နှင့်တကွ ဘဝ အဆက်ဆက်မှ တော်စပ်ခဲ့သော ဖခင်တို့ သည် ရောက်လေရာ ဘဝ တို့၌ အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

အကျွန်ုပ်သည် ​ ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမပေးသော ဆရာသမားတို့၏ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ထို ဆရာသမားတို့သည် ​ ရောက်လေရာ အရပ်၊ ​ ရောက်လေရာ ဘဝ တို့ ၌ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

အကျွန်ုပ်သည် ​ ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော အရိယာ သူတော်စင် ပုဂ္ဂိုလ် တို့၏ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ထို အရိယာ သူတော်စင် ပုဂ္ဂိုလ် ​ တို့၏ ပေးပို့သော ​ မေတ္တာတော် ၊ ဂရုနာတော် ကို ကျွန်ုပ်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။​

အကျွန်ုပ်သည် ​ ဘဝ အဆက်ဆက်မှ ယနေ့ ယခု ​ အချိန်အထိ တရားဓမ္မတို့ကို မျှဝေဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ထို ဆရာသမားတို့ပေးပို့သော မေတ္တာတော် ၊ ဂရုနာတော် ကို ကျွန်ုပ်သည် ဝမ်းမြောက်ဝမ်းသာစွာ ခံယူပါသည်။​

အကျွန်ုပ်သည် ​ ဘဝ အဆက်ဆက်မှ ယနေ့ ယခု ​ အချိန်အထိ အစာရေစာ ကျွေးမွေး ထောက်ပံ့ပေးခဲ့သော ပုဂ္ဂိုလ်တို့၏ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ထို ပုဂ္ဂိုလ်တို့သည် ​ ရောက်လေရာ အရပ်၊ ​ ရောက်လေရာ ဘဝ တို့ ၌ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

အကျွန်ုပ်သည် ​ ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ အသက် ကယ်တင်ပေးခဲ့ဖူးသော ပုဂ္ဂိုလ်တို့၏ အပေါ်၌ ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ထို ပုဂ္ဂိုလ်တို့သည် ​ ရောက်လေရာ အရပ်၊ ​ ရောက်လေရာ ဘဝ တို့ ၌ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

အကျွန်ုပ်သည် ​ဘဝ အဆက်ဆက်မှ ယနေ့ ယခု အချိန်အထိ ကျွန်ုပ်၏ဘဝ ရပ်တည် ကောင်းစားရေးအတွက် အစစ အရာရာ အကူအညီ၊အ ထောက်အပံ့ပေးခဲ့သော ပုဂ္ဂိုလ်တို့၏ အပေါ်၌ ၎င်း ကာယကံ၊ဝစီကံ၊မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များကို ဝန်ချတောင်းပန် ကန်တော့ပါ၏။

ထို ပုဂ္ဂိုလ်တို့သည် ​ ရောက်လေရာ အရပ်၊ ​ ရောက်လေရာ ဘဝ တို့ ၌ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​

ဤသို့ ​ မာန်လျော့ ​ ဝင်ချတောင်းပန် ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် မသိစိတ်ဖြင့် ပြစ်မှားမိခဲ့သည့် အမှတ်သတိ မကပ်မိ၍ ပြစ်မှားမိခဲ့သည့်

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါး ကံအပြစ်တို့မှ ကင်းလွတ်၍ နိဗ္ဗာန်ချမ်းသာကို ယခု့ ဘဝ၌ပင် လက်တွေ့ ပိုင်ပိုင် ခံစားနိုင်ရပါစေ။​




ကရုဏာ မေတ္တာပို့



- ကျွန်ုပ်၏ အတ္တ စိတ်သည် ​ တစ်နေ့ထက်တစ်နေ့ ​ ရော့နည်း ချုပ်ပြောက် ငြိမ်းအေးပါစေ။ ​ ငြိမ်းအေးပါစေ။ ​ ငြိမ်းအေးပါစေ။ ​

- ကျွန်ုပ်၏ ​ လောဘ စိတ်သည် ​ ​ တစ်နေ့ထက်တစ်နေ့ ​ ရော့နည်း ချုပ်ပြောက် ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။​

- ကျွန်ုပ်၏ ​ ဒေါသ စိတ်သည် ​ တစ်နေ့ထက်တစ်နေ့ ရော့နည်း ချုပ်ပြောက် ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။​

- ကျွန်ုပ်၏ ​ မောဟ စိတ်သည် ​ ​ တစ်နေ့ထက်တစ်နေ့ ​ ရော့နည်း ချုပ်ပြောက် ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။​

- ကျွန်ုပ်၏ တဏှာ ​ သောက ​ ဗျာဘာဒ ​ စိတ်များသည် ​ တစ်နေ့ထက်တစ်နေ့ရော့နည်း ချုပ်ပြောက် ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။ ငြိမ်းအေးပါစေ။​

- ဆင်းရဲချမ်းသာမရွေး ဘဝ စားဝတ်နေရေး ၊ အနာဂတ်ရေး ​ ​ အတွက် စိုးရိမ်ပူပန်ကြောင့်ကြနေကြရသော ၊ ​ အချိန် မလက် ​ ကြိုးစားနေကြရသော ​ လူသား အားလုံး တို့ သည် အေးချမ်းပါစေ။ အေးချမ်းပါစေ။ အေးချမ်းပါစေ။​

- ကျွန်ုပ်၏ မိသားစုဝင်များ အားလုံး ၊ ဆွေမျိုးများအားလုံး အေးချမ်းပါစေ။အေးချမ်းပါစေ။အေးချမ်းပါစေ။​ (အမည်နာမတပ်၍ မေတ္တာပို့နိုင်သည်) ​

- ယနေ့ အလုပ်၌ တွေ့စုံ ဆက်ဆံရမည့် လူများ အားလုံး အေးချမ်းပါစေ။အေးချမ်းပါစေ။အေးချမ်းပါစေ။​ (အမည်နာမတပ်၍ မေတ္တာပို့နိုင်သည်) ​

- ယနေ့ online ၌ တွေ့ရှိ မည့်သူ အား လုံး အေးချမ်းပါစေ။အေးချမ်းပါစေ။အေးချမ်းပါစေ။​

- ယနေ့ ပြင်ပ၌ တွေ့ရှိ မည့်သူ အား လုံး အေးချမ်းပါစေ။အေးချမ်းပါစေ။အေးချမ်းပါစေ။​

- မိုးလေဝသ ကပ်ဆိုး တို့မှ ကင်းဝေပါစေ။ ​ ကင်းဝေပါစေ။ ​ ကင်းဝေပါစေ။​

- ရောဂါပိုးမွား ကပ်ဆိုး တို့မှ ကင်းဝေပါစေ။ ​ ကင်းဝေပါစေ။ ​ ကင်းဝေပါစေ။​

- စစ်ဘေး စစ်ဒဏ် ကပ်ဆိုး တို့မှ ကင်းဝေပါစေ။ ​ ကင်းဝေပါစေ။ ​ ကင်းဝေပါစေ။​

- နိုင်ငံတကာသည် ​ ပြည်သူများအတွက် ကောင်းသော ဖွံ့ဖြိုးတိုးတက်ခြင်း ၌ အတွန့်ရှည် တည်ပါစေ။ ​ တည်ပါစေ။ ​ တည်ပါစေ။ ​ ​

- မြန်မာပြည်သူပြည်သား ​ အားလုံး အေးချမ်းပါစေ။ အေးချမ်းပါစေ။အေးချမ်းပါစေ။​

- ကမ္ဘာသူ ကမ္ဘာသား အားလုံး ​ အေးချမ်းပါစေ။ အေးချမ်းပါစေ။အေးချမ်းပါစေ။​

- ​ လောကဓာတ်တစ်ခုလုံး၌ ရှိသော ​ သတ္တဝါတွေ အားလုံး ​ အေးချမ်းပါစေ။ အေးချမ်းပါစေ။ အေးချမ်းပါစေ။​

- သတ္တဝါအားလုံးတို့သည် နိဗ္ဗာန်ချမ်းသာကို ယခု့ ဘဝ၌ပင် လက်တွေ့ ပိုင်ပိုင် ခံစားနိုင်ကြပါစေ။​




[နမူနာ]



____ စိတ်ကလေး ရှိနေသည်ကို ၊ ဖြစ်ပေါ်နေသည်ကို ခံစား သိရှိပါ၏။​

ဤ စိတ်ကလေးသည် ဒီအကြောင်း ရှိလို့သာ (အကြောင်းကို ရှင်းပြ) ပေါ်ပေါက်လာရချင်း ဖြစ်သည်။ အကြောင်းမဲ့သက်သက် ပေါ်ပေါက်လာရချင်းမဟုတ်ပါ။ ​ ဒီအကြောင်း မရှိလျှင် ဒီခံစားချက်လည်းရှိလာနိုင်မည်မဟုတ်ပါ။

ထို့ကြောင့် ____ ဤ စိတ်ကလေးကို ငါသည် လက်ခံပါ၏။​

____ စိတ်ကလေး အား သည်းခံ ခွင့်လွှတ်ပါသည်။​

____ စိတ်ကလေး ကိုလည်း ကျေးဇူးတင်ပါသည်။​

____ စိတ်ကလေးသည် အေးချမ်းပါစေ။ အေးချမ်းပါစေ။ အေးချမ်းပါစေ။​

____ ​ စိတ်ကလေးသည် ငါ မဟုတ်။ စိတ်ပေါင်းများစွာမှ ​ စိတ်လေးတစ်ခုသာ ဖြစ်ပါသည်။ ခံစားချက်ပေါင်းများစွာမှ ​ ခံစားချက်လေးတစ်ခုသာ ဖြစ်ပါသည်။ ​

____ စိတ်ကလေး အား မဖြစ်ပါနဲ့လို့ပြော၍ မရပါလား ။ ဤ စိတ်ကလေး သည် ငါ၏ အစိုး မရပါလား။ ငါ၏ အလိုသို့ မလိုက်ပါလား။​ နောင်အကြောင်းရှိတိုင်းလည်း ဖြစ်နေပေဦးမည်။ ​

____ စိတ်ကလေးသည် အချိန်ပြည့် ၊ စက္ကန့်ပြည့် ဖြစ် မနေနိုင်သည့်အတွက် မမြဲ ပါလား။​

____ ထို မမြဲ သည်ကို သိရသည့်အတွက်လည်း အေးချမ်းပါလား။ ချမ်းသာပါလား။​

- ဤသို့ အစိုးမရ သော ပူလောင်သော ဆင်းရဲသော စိတ်ကလေးတွေ ထက်မဖြစ်တော့သော နိဗ္ဗာန် သည် အချမ်းသာဆုံး ဧကန်အမှန်ပင် ဖြစ်ပါပေတော့သည်။​

- ဤမှန်သောသစ္စာစကားကြောင့် ငါသည် ယခု့ ဘဝ၌ပင် နိဗ္ဗာန်ချမ်းသာကို လက်ဝယ် ပိုင်ပိုင် ခံစားနိုင် ရပါစေသား။

- ယခု့ကဲ့သို့ ကောင်းသော တရားများ နှလုံးသွင်းခွင့် ရသည့်အတွက် ဤ ____ စိတ်ကလေး အား ကျေးဇူးတင်ပါသည်။​

____ စိတ်ကလေးသည် အေးချမ်းပါစေ။ အေးချမ်းပါစေ။ အေးချမ်းပါစေ။​

____ စိတ်ကလေးသည် အေးချမ်းပါစေ။ အေးချမ်းပါစေ။ အေးချမ်းပါစေ။​

____ စိတ်ကလေးသည် အေးချမ်းပါစေ။ အေးချမ်းပါစေ။ အေးချမ်းပါစေ။​

____ အား မိမိစိတ်အခြေအနေ ၊ ခံစားချက် ​ အလိုက် အစားထိုးရန်။ စာသားအား မိမိနှင့် ​ လိုက်ရော ညီထွေစွာ ပြုပြင်ပါ။ စာသား အရှေ့အနောက် အစီအစဉ်အား ​ မိမိနှင့် ကိုက်ညီသလို စီစဉ်ပါ။ ​




အတ္တနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)



- သူများထက် သာလွန်သည်ဟူ့ ထင်သော ဤ စိတ်ကလေး

- သူတပါး နှင့် ငြင်းခုံချင်သော ဤ စိတ်ကလေး

- ကိုယ်ကျိုးကြည့် တက်သော ဤ စိတ်ကလေး

- သူများကိုပဲ ကြည့်တတ်သော၊ သူများနဲ့ နိုင်းယှဉ် ချင်သော ဤ စိတ်ကလေး

- ကြွားဝါချင်သော ဤ စိတ်ကလေး

- မပေးချင်သော ဤ စိတ်ကလေး

- မနာလိုဖြစ်သော ဤ စိတ်ကလေး

- မလုံမလဲဖြစ်သော ဤ စိတ်ကလေး

- နမျော တက်သော ဤ စိတ်ကလေး

- သူများ ဒုက္ခရောက်တော့မည် ကို ဝမ်းသာသော ဤ စိတ်ကလေး

- လူတိုင်းက အကောင်းထင်ခံချင်သော ဤ စိတ်ကလေး

- မိမိ ကောင်းတာကို လူတိုင်း က အသိအမှတ် ပြုခံချင်သော ဤ စိတ်ကလေး

- သူများ၏ ကျေးဇူး ကိုတင်ခံချင်သော ဤ စိတ်ကလေး

- ဟန်ဆောင်တတ်သော ဤ စိတ်ကလေး

- သူများအား လောင်ပြောင် ရီမော် ကဲ့ရဲ့ချင်သော ဤ စိတ်ကလေး

- သူတပါး အကျိုး ပျက်လိုပျက်စီးရာ ကို ဖြစ်စေချင်သော ဤ စိတ်ကလေး

- သူတစ်ပါးအပေါ် မကောင်းကြံ လိုသော ဤ စိတ်ကလေး

- မိမိကိုယ်ကို တော်သည်၊တတ်သည်ဟု့ စိတ်ကြီးဝင် နေသော ဤ စိတ်ကလေး

- အရာရာတိုင်း ပုံကြီးချဲ့ ရ မှ ကျေနပ်နိုင်သော ဤ စိတ်ကလေး




လောဘနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)



လောဘ = လောကီ (သို့) လောကုတရာ၌ အကျိုးမရှိသော အကြောင်းချင်းရာ၌ လို-ချင်မှုသဘော ၊ ပိုင်ဆိုင်လိုချင်းသဘော

- ကောင်းသော အာရုံတိုင်းအား ကြည့်ချင် လိုချင်တက်မက် ကြိုက်နှစ်သက်သော ဤ စိတ်ကလေး

- ကောင်းသော အရာတိုင်းအား ဝယ်ချင် ၊ သုံးချင် ၊ စားချင် သော ဤ စိတ်ကလေး

- အသစ်အသစ်တွေ ကိုပဲ ကြိုက် နှစ်သက်တက်သော ဤ စိတ်ကလေး

- စပ်စု ချင်တတ်သော ဤ စိတ်ကလေး

- သူများ ကြား ၊ သူများ ကိစ္စ၌ ဝင်ပါချင်သော ဤ စိတ်ကလေး

- ခံစားချက်နောက်ပဲ လိုက်လုပ်တတ်သော ဤ စိတ်ကလေး

- အကျိုးမရှိသည်များကို သိချင် စူးစမ်း ချင်သော ဤ စိတ်ကလေး

- သတ္တဝါတို့၏ အသားကိုစားမှ ကျေနပ် နှစ်ကြိုက်သက်သော ဤ စိတ်ကလေး

- ဘဝအတွက် ပျော်အောင်နေချင်သော ဤ စိတ်ကလေး

- စိတ်အလို တဇွတ်ထိုး လုပ်တတ်သော ဤ စိတ်ကလေး

- အမြဲပဲ တွေးချင်တောချင်တတ်သော ဤ စိတ်ကလေး

- မကောင်းသော အရာ၊ ဆေးလိပ်၊အရက် တို့၌ မူးယစ်ချင်သော ဤ စိတ်ကလေး

- အကျိုးကို မြော်ကိုးသော ဤ စိတ်ကလေး

- ကောင်းသော ဘဝအခြေအနေများတွင် သာယာ နေသော ဤ စိတ်ကလေး




ဒေါသနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)



ဒေါသ = ခက်ထန်ကြမ်းတမ်းခြင်းသဘော။

- တုံပြန်ချင်သော ဤ စိတ်ကလေး

- မုန်းတီးတက်သော ဤ စိတ်ကလေး

- မခံချင်ဖြစ် သော ဤ စိတ်ကလေး

- နာကျင်မူ့ ဖြစ်သော ဤ စိတ်ကလေး

- မိမိ အလို အတိုင်း မ ဖြစ်သော အခြေအနေ အား အပြစ်တင်တက်သော ဤ စိတ်ကလေး

- မိမိ အလို အတိုင်း မလုပ်သော လူ တိုင်း အား အ ပြစ်တင်တက်သော ဤ စိတ်ကလေး

- စိတ်မထိန်းနိုင်သော ဤ စိတ်ကလေး

- စိတ်ပျက် တက်သော ဤ စိတ်ကလေး

- စိတ်တိုင်း မကျ တက်သော ဤ စိတ်ကလေး

- အ ပြစ်မြင် တက်သော ဤ စိတ်ကလေး

- မကောင်းမြင်တတ်သော ဤ စိတ်ကလေး

- အပြစ်ပြော တက်သော ဤ စိတ်ကလေး

- မကြိုက်နှစ်သက် တက်သော ဤ စိတ်ကလေး

- စိတ်မရှည်တက်သော ဤ စိတ်ကလေး

- ခန္ဓာကိုယ်ဒုက္ခကို မခံစားချင်သော ဤ စိတ်ကလေး

- သူတပါးကို အနောက်အရှပ် ပေးချင်သော ဤ စိတ်ကလေး

- အားမလို အားမရ ဖြစ်နေသော ဤ စိတ်ကလေး

- တအုံအုံ အနွေးနွေး အခဲမကြေ မကျေနပ်နိုင်သော ဤ စိတ်ကလေး

- အ နာကြီး နာကျင်နေသော ဤ စိတ်ကလေး

- မဖြစ်သင့်ဘူးဟု တနုံ့နုံ့ဖြစ်၍ ဒေါသထွက်နေသော ဤ စိတ်ကလေး

- တရားမမျှတဘူး ဟု တနုံ့နုံ့ဖြစ်၍ ဒေါသထွက်နေသော ဤ စိတ်ကလေး

- ငါ့ကို မတရားလုပ်သည်ဟု တနုံ့နုံ့ဖြစ်၍ ဒေါသထွက်နေသော ဤ စိတ်ကလေး

- လုပ်ချင်တာ မလုပ်ရ လျှင် တအုံအုံ အနွေးနွေး ဖြစ်နေသော ဤ စိတ်ကလေး

- မိမိကိုယ်ကို မကျေနပ်နိုင်သော ဤ စိတ်ကလေး

- မိမိကိုယ်ကို ခွင့်မလွှတ်နိုင်သော ဤ စိတ်ကလေး

- အရာအားလုံးကို မကျေနပ်နိုင်သော ဤ စိတ်ကလေး

- ဆိုးသော ဘဝအခြေအနေများတွင် နေ့စဉ် ဒေါသ ထွက်နေသော ဤ စိတ်ကလေး

- ကျေးဇူးသိစိတ် မရှိသော ဤ စိတ်ကလေး​




မောဟနှင့်ဆိုင်သောစိတ်များ (ဥပမာအချို့သာ)



မောဟ = ကောင်းစိတ်များမဖြစ်သော အကြောင်းအရာ စိတ်အာရုံ ဝင်္ကပါ ထောင်ချောက်၌ နစ်မြုပ် နစ်မျော ခံစားချင်း သဘော ။

- စိတ်ညစ်နေ တက်သော ဤ စိတ်ကလေး

- စိတ်ရှုပ်ထွေးနေသော ဤ စိတ်ကလေး

- မရှင်းလင်းဒွိဟ သံသရ ဖြစ်နေသော ဤ စိတ်ကလေး

- ပူလောင်နေသော ဤ စိတ်ကလေး

- ဆုံးဖြတ်ချက် ခက်နေသော ဤ စိတ်ကလေး

- စိုးရိမ် ပူပန်နေ တက် သော ဤ စိတ်ကလေး

- အားငယ်သိမ်ငယ်သော ဤ စိတ်ကလေး

- ကြောက်တက်နေသော ဤ စိတ်ကလေး

- ရှက်တက်နေသော ဤ စိတ်ကလေး

- ဆုံးဖြတ်ချက် မှား၍ နောင်တရနေသော ဤ စိတ်ကလေး

- ဝမ်းနည်းနေသော ဤ စိတ်ကလေး

- ထိုအကြောင်းအရာကို သတိရ တမ်းတ နေ သော ဤ စိတ်ကလေး

- အတိတ်ကိုပဲ လွမ်းဆို့ သတိရနေသော ဤ စိတ်ကလေး

- တစ်စုံတဦးကို သတိရ တမ်းတ ဝမ်းနည်း နေ သော ဤ စိတ်ကလေး

- ပြာယာ ခက်နေသော ဤ စိတ်ကလေး

- ပျင်းရိနေသော ဤ စိတ်ကလေး

- စိတ်ကူးရင် တတ်သော ဤ စိတ်ကလေး

- ဘဝသည် ဝမ်းနည်းစရာ လို့ ထင်နေသော ဤ စိတ်ကလေး

- အချိန်တွေ အကုန်မြန်နေသည် ကို ခံစား နမြောနေသော ဤ စိတ်ကလေး

- အကျိုးမရှိ စကား များပြောဆိုချင်သော ဤ စိတ်ကလေး

- သူတပါး အကြောင်း အတင်းအဖြင်း ပြောချင်သော ဤ စိတ်ကလေး

- စိတ်တတ်ကျနေသော ဤ စိတ်ကလေး

- မကောင်းသော စိတ်ညစ်ညမ်းစရာကောင်းသော အကြောင်းအရာတို့၌ နစ်မြုပ်ချင် နေသော ဤ စိတ်ကလေး

- လောကကြီး သည် အဓိပ္ပါယ် မရှိ ဟူ့ ခံစားရသော ဤ စိတ်ကလေး

- ရောက်တတ်ရာရာ စိတ်ပြန့်လွင့်နေသော ဤ စိတ်ကလေး

- လောကကြီး သည် မကောင်းဟု သုံးသက် ခံစားနေသော ဤ စိတ်ကလေး

- လူတိုင်းသည် မကောင်းဟု သုံးသက် ခံစားနေသော ဤ စိတ်ကလေး

- မိမိကိုယ်ကို အထင်သေး နိမ့်ချ ရှု မြင် ခံစားနေသော ဤ စိတ်ကလေး

- ငါ့ကို ဘယ်သူမှ ဂရု မစိုက်ဘူး ဟု့ အားငယ်နေသော ဤ စိတ်ကလေး

- မိမိသည် ကံမကောင်းဟု့ ယူဆ အားငယ်နေသော ဤ စိတ်ကလေး

- မိမိကိုယ်ကို မလုပ်နိုင်ဘူးဟု့ ရှု မြင်အားငယ် ခံစားနေသော ဤ စိတ်ကလေး

- အဆိုးပဲ တွေးတောနေသော ဤ စိတ်ကလေး

- မိမိ ကိုယ် ကို အပြစ်တင်နေသော ဤ စိတ်ကလေး

- သူများ ကိုယ့်ကို မကောင်းထင် မှာကိုပဲ စိုးရိမ် ကြောက်လန့်နေသော ဤ စိတ်ကလေး

- သူများကိုပဲ အားနာနေသော ဒီဟာလဲ မဟုတ် ၊ ဟိုဟာလဲ မဟုတ်၊ မပြတ်သား တွေဝေနေသော ဤ စိတ်ကလေး

- အမှား လုပ်မိမည်ကို ကြောက်ရွံ့နေသော ဤ စိတ်ကလေး

- မကောင်းသော အကြောင်းအရာများကိုသာ ပြောချင်နေသော ဤ စိတ်ကလေး

- ဘာပဲဖြစ်ဖြစ် မိမိမှာ အပြစ်ရှိသည်ဟု့ တယူသေ စွဲလမ်းနေသော ဤ စိတ်ကလေး

- ညည်းညူ နေချင် သော ဤ စိတ်ကလေး

- တစ်ခုခု ဖြစ်မှာ အမြဲဆိုးရိမ်နေသော ဤ စိတ်ကလေး

- မိမိ ကိုယ်ကို ဘာဖြစ်ချင်နေမှန်းမသိ နားလည်ရခက်နေသော ဤ စိတ်ကလေး

- တောင်စဉ် ရေမရ အတွေး ကမ္ဘာ၌ နစ်မျော နေသော ဤ စိတ်ကလေး




ကောင်းသောစိတ်များ



- သူတပါးကို ကောင်းစေချင်သော ဤ စိတ်ကလေး

- လှုချင်တန်းချင်သော ဤ စိတ်ကလေး

- ကျေးဇူးတရားကိုသိသော ဤ စိတ်ကလေး

- မကောင်းသောစိတ်များ မရှိစေလိုသော ဤ စိတ်ကလေး

- ခင်ပွန်းကြီးဆယ်ပါးကို ကြည်ညိုချင်သော ဤ စိတ်ကလေး

- လက်ခံ နိုင်၊ သည်းခံနိုင်၊ မေတ္တာထားနိုင်သော ဤ စိတ်ကလေး

- အကောင်းအဆိုးကို ကျိုး ကြောင်းသင့် တွေးခေါ် တတ်သော ဤ စိတ်ကလေး

- အကျိုးရှိသော လောကီ အတတ်ပညာ၊ လောကုတ္တရာ တရား လေ့လာအားထုတ် ချင်သော ဤ စိတ်ကလေး